စာငှက်တစ်ကောင်မျှ
ဘ၀တစ်လျှောက်လုံး သိက္ခာရှိရှိ စည်းစနစ်ကျကျ နေလာခဲ့သော အမေသည် ယခုတွင် နာတာရှည်ရောဂါသည်များထားရှိသည့် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေရပြီး ခွန်အားချည့်နဲ့မှုက သူ့ကို လွှမ်းမိုးနေသည်။ အသက်ရှုရန်ပင် ရုန်းကန်ရပြီး၊ သူ၏အင်အား ယုတ်လျော့သောအခြေအနေသည် ပြတင်းပေါက်၏ အခြားတစ်ဘက်တွင် တွေ့ရသည့် သာယာလှပစွာ ရှင်သန်ယိမ်းနွဲ့နေသော နွေဦးရာသီနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း မနှစ်မြို့ဖွယ်ရာ နှုတ်ဆက်ထွက်ခွာသွားခြင်းအမှုအတွက် ကျွန်ုပ်တို့ တောင့်ခံထားနိုင်ခြင်း မရှိပါ။ ‘‘သေခြင်းသည် သိက္ခာမဲ့ခြင်းပင် ဖြစ်သည်’’ ဟု ကျွန်တော်ယူဆသည်။
ကျွန်တော်သည် ပြတင်းပေါက်သို့ မျက်နှာလွှဲ၍ အပြင်ဘက်ရှိ ငှက်အစာခွက်ကို ကြည့်လိုက်သည်။ စာကလေး
များသည် လူးလာခတ်၍ ၎င်းတို့၏အစာအနီးသို့ ပျံသွားသည်။ ရုပ်ခြည်းဆိုသလို အကျွမ်းတ၀င်ရှိသည့် စကားစုတစ်ခု ကျွန်တော့်စိတ်ထဲတွင် ပေါ်လာသည်။ ‘‘သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက် တစ်ကောင်မျှ မြေသို့မကျရ’’ (မ ၁၀း၂၉)။ ၎င်းသည်…
ဘုရားသခင်ကို ကာကွယ်ခြင်း
မော်တော်ကားဘမ်ပါပေါ်မှ ဘုရားသခင်ကို ဆန့်ကျင်သော စတစ်ကာစာတန်းများက တက္ကသိုလ်ပါမောက္ခကြီးတစ်ဦး၏အာရုံကို ဖမ်းစားခဲ့သည်။ သူသည် ယခင်က ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်ခဲ့သည့်အလျောက် ထိုကားပိုင်ရှင်သည် ယုံကြည်သူများ ဒေါသထွက်အောင် လုပ်ခြင်း ဖြစ်မည်ဟု သူထင်မိသည်။ ‘‘ဘုရားမဲ့ဝါဒီအတွက် ဘုရားမဲ့ဝါဒဟာ မှန်ကြောင်း အကြောင်းပြဖို့ ဒေါသစိတ်က အထောက်အကူပြုတယ်’’ ... ‘‘အများအားဖြင့်တော့ ဘုရားမဲ့ဝါဒီတွေဟာ သူတို့ရှာနေတဲ့ အရာကို အတိအကျ တွေ့သွားတယ် ’’ ဟု ဆိုသည်။
သူကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ယုံကြည်ခြင်း ခရီးစဉ်ကို ပြန်လည်ဆင်ခြင်ရင်း၊ ခရစ်တော်၏ အမှန်တရားကို ဆင်ခြင်ရန် ခရစ်ယာန်မိတ်ဆွေများက ၀န်တာထားပြီး ဖိတ်ခေါ်ခဲ့ခြင်းကို ပါမောက္ခကြီးက သတိပြုမှတ်မိသည်။
‘‘ အမြန်တုံ့ပြန်ရန် အရေးကြီးကြောင်း မိတ်ဆွေများက ပြော လည်း အမျက်ဒေါသကို လုံးဝ မတွေ့ရ။’ ထိုနေ့က သူလက်ခံ ရသည့် စစ်မှန်သောလေးစားမှုနှင့်အတူ ကရုဏာကျေးဇူးကို သူဘယ်တော့မှ…
တို့ထိမှုလေးတစ်ခုမျှသာ
အရှေ့အာဖရိကရှိ ကျေးလက်ဒေသတစ်ခုသို့ ဆေးကုသာသနာပြုခရီးစဉ်တွင် သွားရောက် ပါဝင်ရန် အခွင့်အရေးကို ကယ်လီ ရရှိခဲ့သည်။ ဆေးကုသခြင်း အတွေ့အကြုံ မရှိသဖြင့် သူ မသက်မသာ ခံစားရသည်။ သို့သော် အခြေခံပြုစုစောင့်ရှောက်မှုကိုဖြင့် သူတတ်ကျွမ်းသည်။
ထိုနေရာသို့ ရောက်သောအခါ အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုအမျိုးသမီး၏ ခြေထောက်အနာက အခြေအနေဆိုးရွား သော်လည်း ကုသ၍ရနိုင်သေးသည်။ ပျက်စီးပုံပျက်နေသော ခြေထောက်က သူ့ကို တွန့်ဆုတ်စေသော်လည်း တစ်စုံတစ်ခု လုပ်ရမည်ကို ကယ်လီ သိသည်။ သို့နှင့် အနာကို သန့်စင်ပေးပြီး၊ ခြေထောက်ကို ပတ်တီးစည်းပေးလိုက်သည်။ ထိုအခါ လူနာ အမျိုးသမီးမှာ ငိုကြွေးပါတော့သည်။ စိုးရိမ်မိသောကြောင့် ‘‘နာလား’’ ဟု မေးလိုက်သည်။ ‘‘မဟုတ်ပါဘူး။ ကိုးနှစ် အတွင်းမှာ အခြားလူတစ်ယောက်က ကျွန်မကို တို့ထိတာ ဒါပထမဦးဆုံးပါပဲ’’ ဟု အမျိုးသမီးကြီးက ပြန်ဖြေသည်။
အနာကြီးရောဂါသည်ဆိုလျှင် အခြားသူများကို တွန့်ဆုတ်စေပြီး၊…
ပေးလှူခြင်း ဆုကျေးဇူး
သင်းအုပ်ဆရာတစ်ပါးက ‘‘သူဝတ်ထားတဲ့အင်္ကျီကို မင်းအတွက် သူချွတ်ပေးလိုက်တယ်’’ ဟုပြောလိုက်ပြီး လူအများ၏စိတ်ဝင်စားမှုအာရုံကို ဖမ်းစားလိုက်သည်။ ‘‘ကျွန်တော်တို့ ၀တ်ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ပြီး လိုအပ်နေသူတွေကို ပေးခဲ့မယ်ဆိုရင် ဘာဖြစ်လာ မလဲ’’ ဟု ပြောပြီး လုပ်နေကြမဟုတ်သည့် စိန်ခေါ်မှုကို သူ့အသင်းတော်၌ ပြုလုပ်ခဲ့ သည်။ ထို့နောက် သူဝတ်ထားသော ကုတ်အင်္ကျီကိုချွတ်ကာ ဘုရားကျောင်းရှေ့၌ ချထားလိုက်သည်။ လူများစွာလည်း သူ့စံနမူနာအတိုင်း လိုက်လုပ်ကြသည်။ ဤအချိန်အခါ သမယမှာ ဆောင်းတွင်းဖြစ်၍ ထိုနေ့အတွက် အိမ်အပြန် လမ်းက သက်သောင့်သက်သာ သိပ်မရှိပါ။ သို့သော် ဒါဇင်ပေါင်းများစွာသော လိုအပ်နေသူများအတွက် အနည်းငယ် နွေးထွေးစေမည်ဖြစ်သည်။
နှစ်ခြင်းဆရာယောဟန်သည် ယုဒတော၌ လှည့်လည်သွားလာနေစဉ် သူ၏တရားစကားကို ကြားနာရန် ရောက်ရှိ လာသူတို့အား ပြင်းပြင်းထန်ထန် သတိပေးစကားဆိုခဲ့သည်။ ‘‘အချင်း မြွေဆိုးအမျိုးတို့၊’’ ‘‘နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့’’ ဟု ပြောခဲ့သည် (လု ၃း၇-၈)။ လူအုပ်ကြီးကလည်း…
ကိုစီ ၏သတ္တိ
တိုဂိုနိုင်ငံ မိုနိုမြစ်အတွင်း နှစ်ခြင်းမင်္ဂလာခံယူရန် စောင့်ဆိုင်းနေစဉ် ထွင်းထုထားသည့် ဆွေးမြေ့နေသော ကမ္ဗည်းတိုင် သစ်တိုင်တစ်ခုကို ကိုစီ ကောက်ယူလိုက်သည်။ ၎င်း၏မိသားစုသည် ဆွေစဉ်မျိုးဆက် အဆက်ဆက် ထိုပစ္စည်းများကိုသာ ကိုးကွယ်ခဲ့ ကြသည်။ ယခုမူ ထိုသစ်တိုင်ကို မီးပုံထဲသို့ ပစ်ထည့်နေသည်ကို မိသားစုများ ၀ိုင်းကြည့် နေကြသည်။ ထိုဘုရားကို မိမိတို့၏အကောင်းဆုံး ကြက်များဖြင့် နောက်ထပ်ပူဇော်စရာ မလိုတော့ပါ။
အနောက်နိုင်ငံများတွင် ရုပ်တုများကို ဘုရားနေရာ တွင် အစားထိုးသောအရာများဟု ခရစ်ယာန်အများစုက တင်စားမှတ်ယူကြသည်။ အနောက်အာဖရိကရှိ တိုဂိုနိုင်ငံ တွင် ရုပ်တုဆင်းတုများသည် ဘုရားကို ကိုယ်စားပြုပြီး လူကိုမခိုက်အောင် ပူဇော်ပသရသည်။ ရုပ်တုနှင့် ကမ္ဗည်းတိုင်များကို မီးရှို့ပြီး နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် မှန်သော ဘုရားသခင်အား သစ္စာခံသည့် ယုံကြည်သူလူသစ်အနေဖြင့် မိမိ၏ခံယူချက်ကို သတ္တိရှိရှိ ဖော်ထုတ်ခြင်း ဖြစ်သည်။
ရှင်ဘုရင် ယောရှိသည် အသက် ၈ နှစ်ရှိသော်…
ဓာတ်ပုံနှစ်ပုံ
အဖွားအိုတစ်ယောက်သည် ဘုရားကျောင်းအ၀င်ခန်းမ၌ နှစ်ပုံတွဲဓာတ်ပုံဘောင်မှ ဓာတ်ပုံ များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏သူငယ်ချင်းများအား ပြသသည်။ ပထမပုံသည် သူ့ဇာတိမြေ ဘာဂွန်ဒီမှ သူ့သမီး၏ပုံဖြစ်ပြီး၊ ဒုတိယပုံသည် ထိုသမီးမှမကြာသေးမီက မွေးဖွားခဲ့သော မြေးကလေး၏ပုံဖြစ်သည်။ သို့သော် မိခင်က မွေးကင်းစ ကလေးငယ်ကို ထွေးပိုက်ထားခြင်း မရှိပါ။ ထိုကလေးကို မွေးဖွားပြီး မိခင်သည် အသက်ဆုံးပါးသွားသည်။
မိတ်ဆွေတစ်ဦးက အနားကပ်လာပြီး ဓာတ်ပုံများကို ကြည့်ကာ အဖွားအို၏မျက်နှာကို လက်ဖြင့်ကိုင်တွယ်ပွတ်သပ် သည်။ သူကိုယ်၌က မျက်ရည်စက်လက်ဖြင့် အဖွားအိုအား “ကျွန်မသိတယ်၊ နားလည်တယ်” ဟု ပြောသည်။ သူ အမှန် သိသည်။ လွန်ခဲ့သော နှစ်လခန့်က သူ့သား ဆုံးပါးသွားခဲ့သည်။
မိမိ၏ခံစားချက်ကို စာနာနားလည်သူများ၏ ဖေးမ နှစ်သိမ့်မှုကိုရခြင်းမှာ အထူးအခွင့်အရေး တစ်ရပ်ဖြစ်သည်။ ၎င်းတို့ သိသည်၊ နားလည်ပေးသည်။ သခင်ယေရှု အဖမ်း မခံရမီလေးတွင် “သင်တို့သည်…
ကျွန်ုပ်၌ ရှိသမျှ
လူငယ်လေး အိုင်းဇက်ဝပ်စ် သည် မိမိအသင်းတော်၏တေးဂီတကဏ္ဍတွင် အားနည်းမှုရှိကြောင်းကို သတိထားမိပြီး၊ သူ့ဖခင်က ၎င်းကို ပိုမိုကောင်းမွန်အောင် ဖန်တီးရန် သူ့အား စိန်ခေါ်သည်။ အိုင်းဇက် ကလည်း ဖြစ်အောင်လုပ်ခဲ့သည်။ သူ၏ ‘‘လက်ဝါးကပ်တိုင်တော်ကိုကြည့်၍ အံ့ဩဖွယ်ကျူး’’ ဓမ္မသီချင်းသည် အင်္ဂလိပ်ဘာသာ ဖြင့် အလွန်မှအံ့မခန်းဖြစ်ပြီး အခြားသောဘာသာစကား ပေါင်းများစွာသို့ ပြန်ဆိုလျက် အသုံးပြုခြင်းခံရပါသည်။
ကြည်ညိုဖွယ်ရာ တတိယအပိုဒ်က ခရစ်တော် ကားတင်ခံရသည့်အရပ်သို့ ပို့ဆောင်ခံရသကဲ့သို့ ခံစားရစေ သည်။ ‘‘ကြည့်လော့ လက်ခြေ၊ နံဘေး၊ ခေါင်းတော်
ဒုက္ခမေတ္တာရောလျက် ယိုစီး၊ဤသို့ တစ်ခါတွေ့ဖူးသလော၊ ဆူးဦးရစ်တော်မတုနိုင်ပြီ။’’
အိုင်းဇက်ဝပ်စ် ခန့်ညားစွာ ဖော်ကျူးသည့် ကားတင် သတ်ခံရခြင်းသရုပ်သည် အလွန်ဆိုးဝါးပြီး စိတ်မသက်မသာ ဖြစ်စေသော ဖြစ်ရပ်အဖြစ် သမိုင်းတင်ကျန်ရစ်ခဲ့သည်။ ကားတိုင်အနီးရှိ သူတို့နှင့်အတူ ရှိနေသကဲ့သို့ ကျွန်ုပ်တို့ ခံစားရသည်။ ဘုရားသခင်၏ သားတော်သည် အသက်ရှူရန်ပင် ရုန်းကန်နေရသည်။…
မုသာငယ်လေးနှင့် ကြောက်ပေါက်လေး
ကြောင်ပေါက်လေးများအပါးမှ ၄နှစ်သားလေး အဲလိယက်စ် လစ်ပြေးသွားသည်ကို မိခင်ဖြစ်သူက သတိပြုမိသည်။ ကြောင်ပေါက်လေးကို မကိုင်ရန် သူ့ကိုသတိပေးပြီးသား။ အမေက “ အဲလိယက်စ် ... ကြောင်လေးတွေကို သွားကိုင် သေးလား” ဟု မေးရာ၊ သူက “မကိုင်ပါဘူး” ဟု အတည်ပေါက် ပြန်ပြောသည်။ သို့နှင့်မိခင်က “ကြောင်လေးတွေက ပျော့အိအိလေးလား” ဟုထပ်မေးလိုက်ရာ “ပျော့အိနေ တာပဲ အမေရယ်၊ အမဲကောင်လေးဆို ညောင်လို့တောင် အော်နေတယ်” ဟု အလိုလိုပြောထွက်လာသည်။
ကလေးငယ်များ ထိုသို့ မရိုးမသားပြောဆိုခြင်းကို ကျွန်ုပ်တို့ ပြုံးရယ်မိတတ်ကြသည်။ ထိုသို့ အဲလိယက်စ် ၏ မနာခံမှုက လူသားများ၏ အခြေအနေကို မီးမောင်းထိုးပြ နေပါသည်။ ၄ နှစ်သားလေးကို လိမ်လည်တတ်အောင် မည်သူမျှ သင်ပြပေးစရာမလိုပါ။ ဒါဝိဒ်မင်းကြီး၏ အပြစ်ဝန်ချ
တောင်းပန်သည့် ဆာလံကျမ်းတွင် “အကျွန်ုပ်သည် မွေးစ ကပင်…
သံသယ၏နိဂုံး
သူ့ကို “သံသယသမား သောမ” အဖြစ် သိကြသော်လည်း ထိုနာမည်က သူနှင့် မသင့်လျော်
လှပေ (ယော ၁၀း၂၄-၂၉)။ ကျွန်ုပ်တို့ဆိုလျှင်လည်း ကားတင်သတ်ခြင်းခံရသည့် ခေါင်းဆောင်ကြီး ပြန်လည်ရှင်ပြန်ထမြောက်ကြောင်း ကျွန်ုပ်တို့ မည်သို့ယုံမည်နည်း။
သခင်အသေခံရမည့် ရည်ရွယ်ချက်အတိုင်း ဖြစ်ပျက်လာစဉ် လာဇရုသေဆုံး သွားချိန်၌ ယေရှုက “ယုဒပြည်သို့ တစ်ဖန် သွားကြကုန်အံ့ဟု မိန့်တော်မူလျှင် တပည့်တော်တို့က အရှင်ဘုရား၊ ယုဒလူ တို့သည် ယခုပင် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ရှာကြံ လျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လော ဟု လျှောက်ကြ၏” (း၈)။ သောမ တစ်ဦးတည်း ကသာ “အကျွန်ုပ်တို့လည်း လိုက်၍ သခင်နှင့်အတူ အသေခံကြ ကုန်အံ့” ဟု တပည့်တော်ချင်းတို့အား ပြောဆို၏ (း၁၆)။ ရဲရဲတောက်သတ္တိကို သောမ ပြခဲ့ပါသည်။ သို့ဆိုလျှင် သောမကို “ရဲရင့်သော…
မည်သည့် အခမ်းအနားနည်း
လေးနှစ်သားလေး အာရှာ ၏ ပျော်ရွှင်မြူးတူးနေသော မျက်နှာသည် သူအနှစ်သက်ဆုံး ခေါင်းစွပ်အင်္ကျီအောက်မှ ပေါ်ထွက်လာသည်။ မိချောင်းခေါင်းပုံ ခေါင်းစွပ်အင်္ကျီမှ ပျော့အိအိ မေးရိုး များသည် သူ့ဦးခေါင်းကို မြိုချထားသလို ထင်နေရသည်။ သူ့အမေစိတ်ညစ်သွားသည်။ မတွေ့ရတာ ကြာပြီဖြစ်သည့် ဆွေမျိုးများထံ အလည်အပတ်သွားမည်ဖြစ်၍ သူတို့မိသားစု အပေါ် အကောင်းမြင်ရန်ကိုသာ ဖြစ်စေချင်သည်။
“အို... သားရေ ... အခုသွားမဲ့ ပွဲအတွက် မသင့်လျော်ဘူး ထင်တယ်နော်”ဟုပြောလိုက်သောအခါ အာရှာ က တက်ကြွစွာ
ဖြင့် “သိပ်သင့်လျော်တာပေါ့ မေမေ” ဟု ဖြေလိုက်သည်။
“ ငါ့နှယ်... ဘယ်လိုပွဲမျိုးကို ပြောတာလဲ သားရယ်” ဟုမေးသောအခါ အာရှာ က “မေမေသိပါတယ်။ ဘဝပွဲလေ” ဟုဖြေသည်။ သူ ထိုအင်္ကျီကို ဝတ်ရမှဖြစ်မည်။
ဒေသနာ ၃း၁၂ မှ “ ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်…